UAB ဘဏ်ဖွင့်လှစ်ခြင်း(၈)နှစ်ပြည့် အလှူ

UAB Celebrates 8th Anniversary 
 
ယူနိုက်တက်အမရဘဏ်ဖွင့်လှစ်ခြင်း (၈) နှစ်ပြည့် အထိမ်းအမှတ် အနေနှင့် ရန်ကုန် ဆေးရုံကြီးမှာတက်ရောက်ကုသနေတဲ့လူနာ ၁၅၀၀ ကိုနေ့လည်စာအာဟာရလှူဒါန်းခြင်းကို  (၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၁၆ရက်) တွင် ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင်ပြုလုပ်လှူဒါန်းခဲ့ပါသည်။

“ကျွန်တော့အနေနဲ့ (၈)နှစ်မြောက်အခမ်းအနားကိုကျင်းပခွင့်ရတဲ့အတွက်အထူးဂုဏ်ယူဝမ်းမြောက်မှုဖြစ်ရပါတယ်။ နေပြည်တော်ဘဏ်ခွဲစတင်ဖွင့်လှစ်ခဲ့တဲ့နှစ်ကနေစတင်ပြီး (၈) နှစ်တာကာလအတွင်းမှာကျွန်တော်တို့နဲ့လက်တွဲခဲ့ကြတဲ့ Customer တွေ၊ ဝန်ထမ်းတွေနဲ့ ကျွန်တော်တို့အပေါ်မှာ ယုံကြည်မှုတွေပေးခဲ့တဲ့ပြည်သူတွေအားလုံးကို ကျေးဇူးတင် ကြောင်းကိုလည်း အထူးပြောကြားချင်ပါတယ်။ (၉) နှစ်တာကာလကို ဝင်ရောက်မှုနဲ့အတူ ကောင်းမွန်တဲ့ ပြောင်းလဲခြင်း တွေကိုလည်း ယူဆောင်လာပြီး လူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုအကျိုးပြုနိုင်ဖို့ကိုလည်းရည်ရွယ်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် ၊ ဒီဇင်ဘာလမှာ Be The Change Myanmar ပွဲကို UAB Bank ကနေပြီး စတင်မိတ်ဆက်ခဲ့နိုင် ပါတယ်။ ဒီပရိုဂရမ်ကနေမှတဆင့်ကလေးငယ် အယောက် (၄၀၀) ကိုလည်း သူတို့လိုချင်တဲ့အရာလေးတွေကို ဖန်တီး ပေးစွမ်းနိုင်ခဲ့ပါတယ်။ UAB ရဲ့ (၈) နှစ်ပြည့်မွေးနေ့ကိုကျင်းပတဲ့အခါမှာလည်း Be The Change Myanmarရဲ့ အဓိက ရည်ရွယ်ချက်အတိုင်းလူ့အဖွဲ့အစည်းကိုကျွန်တော်တို့အနေနဲ့တစ်ဘက်တစ်လမ်းကနေအကျိုးပြုတဲ့အနေနဲ့ ရန်ကုန် ဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့လူနာ ၁၅၀၀ ကိုနေ့လည်စာအာဟာရလှူဒါန်းမှာဖြစ်ပါတယ်။ UAB Bank အနေနဲ့ ဆက်လက်ပြီးတော့လည်းလူ့အဖွဲ့အစည်းတစ်ရပ်လုံးကိုကျွန်တော်တို့တတ်နိုင်တဲ့ဘက်ကနေပြီးအင်တိုက်အားတိုက် အကျိုးပြုနိုင်မယ်လို့လည်းယုံကြည်မိပါတယ် “ဟု UAB Bank ဧ။် CEO ဖြစ်သူMr.ChristopherLohမှပြောကြားခဲ့ပါသည်။



TODAY's EXCHANGE RATE
  • Currency
  • We Buy
  • We Sell
  • USD
  • 1510
  • 1520
  • EUR
  • 1670
  • 1710
  • SGD
  • 1088
  • 1118
* Indicative Rates Only

Copyright @ United Amara Bank Limited (UAB). All rights reserved. Developed by Information Matrix .