7th Anniversary Donation

ယူနိုက်တက်အမရဘဏ်ဖွင့်လှစ်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ် မျက်မမြင်ကျောင်းများတွင် အလှူဒါနများပြုလုပ် ယူနိုက်တက်အမရဘဏ် (UAB) တည်ထောင်ခြင်း (၇) နှစ်ပြည့် အထိမ်းအမှတ် အနေဖြင့် ယူနိုက်တက်အမရဘဏ် ၀န်ထမ်းများ၏ ဇီဝိတဒါနစုပေါင်း သွေးလှူဒါန်းခြင်းကို (၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၅ရက်) တွင် ရန်ကုန်မြို့နှင့် မန္တလေးမြို့များရှိ အမျိုးသားသွေးလှူဘဏ်များတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ၎င်းအပြင် သြဂုတ်လ (၂၀၁၇ခုနှစ်၊ သြဂုတ်လ ၁၂ရက်) နေ့တွင်လည်း ရန်ကုန်မြို့ရှိ ကြည့်မြင်တိုင်မျက် မမြင် ကျောင်းနှင့် ခ၀ဲခြံမျက်မမြင်ကျောင်းများတွင် အာဟာရဒါနလှူဒါန်းခြင်း၊ မျက်မမြင်သုံးစာရွက်များ၊ ဆန်အိတ်များနှင့် အ၀တ်အစား၊ အသုံးအဆောင်များ လှူဒါန်းခြင်း အစရှိသည်တို့ ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
မျက်မမြင်ကျောင်းသားကျောင်းသူများ၏ စိတ်ဓာတ်ခွန်အားတိုးမြှင့်လာစေရန် ရည်သန်၍ စိတ်ဓာတ်အာဟာရဖြစ်ပေါ်စေသည့် Motivational Talk များ၊ သင်ထောက်ကူပစ္စည်းများ အသုံးပြု၍ UAB ၀န်ထမ်းများမှ ကျောင်းသားကျောင်းသူများနှင့် အတူ စာအုပ်စာပေများ ဖတ်ပြခြင်း၊ အသံလှူခြင်း၊ ပန်းချီဆွဲခြင်း အစရှိသည့်ကူညီဆောင်ရွက်မှုများကိုလည်း ပြုလုပ်ခဲ့ကြပါသည်။
"လူတွေရဲ့ အသက်ကိုကယ်တဲ့နေရာမှာ အဓိကအရေးအကြီးဆုံးလည်းဖြစ်၊ အရမ်းကိုမွန်မြတ်တဲ့ ဇီဝိတဒါနလည်းဖြစ်တဲ့ သွေးလှူဒါန်းခြင်းကို ယူနိုက်တက်အမရဘဏ်ရဲ့ (၇)နှစ်ပြည့် အထိမ်းအမှတ်အလှူတစ်ခုအနေနဲ့ သြဂုတ်လ (၅)ရက်နေ့က ရန်ကုန်နဲ့မန္တလေးမြို့တွေမှာရှိတဲ့ သွေးလှူဘဏ်တွေမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီနေ့ သြဂုတ်လ (၁၂)ရက် နေ့မှာဆိုရင်လည်း ကြည့်မြင်တိုင်နဲ့ ခ၀ဲခြံမျက်မမြင်ကျောင်းတွေမှာ ၀န်ထမ်းမိသားစုတွေ စုံစုံညီညီနဲ့ ဒီအလှူဒါနလေးကို ထပ်မံပြုလုပ်ရခြင်း ဖြစ်ပါတယ်။ အရမ်းကိုပဲ ၀မ်းသာပီတိဖြစ်မိပါတယ်" ဟု ယူနိုက်တက်အမရဘဏ်၏ Deputy CEO ဒေါ်ကျော့ကေခိုင်မှ ပြောကြားခဲ့ပါသည်။


 

TODAY's EXCHANGE RATE
  • Currency
  • We Buy
  • We Sell
  • USD
  • 1352
  • 1364
  • EUR
  • 1593
  • 1609
  • SGD
  • 993
  • 1005
* Indicative Rates Only
 
 
Copyright @ United Amara Bank Limited (UAB). All rights reserved. Developed by Information Matrix .